လှုပ်ရှားမှုသတင်းစဉ်

မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံအလယ်ပိုင်းသို့ကွင်းဆင်းလေ့လာခြင်း

1

(၂၀၁၆) ခုနှစ် (၆)လပိုင်း

မြန်မာနိုင်ငံရှိလုပ်ငန်းများနှင့် ဂျပန်စာသင်တန်းကျောင်းများသို့ ပထမဆုံးအကြိမ်သွားရောက်လေ့လာခြင်း ။

Aichi ခရိုင် Inuyama မြို့ရှိ ဂျပန်ဘုန်းကြီးကျောင်း Yozenji မှ ကျောင်းထိုင် ဆရာတော် Mr.Takeuchi လည်း အတူတကွကြွရောက် လေ့လာခဲ့ပါတယ် ။

2

(၂၀၁၇) ခုနှစ် (၂)လပိုင်း

ဒုတိယအကြိမ် မြန်မာနိုင်ငံရှိလုပ်ငန်းများနှင့် ဂျပန်စာသင်တန်းကျောင်းများသို့ ပထမဆုံးအကြိမ်သွားရောက်လေ့လာခြင်း ။

Ichinomiya မြို့ ကောင်စီဝင်လူကြီး Mr.Okamoto အတူလိုက်ပါကြည့်ရှူလေ့လာခဲ့ပါတယ် ။

3

(၂၀၁၇) ခုနှစ် (၆)လပိုင်း

Central Japan Myanmar Culture and Economic Friendship Association ကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

4

(၂၀၁၇) ခုနှစ် (၁၀)လပိုင်း

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရုံးခန်းစတင်ဖွင့်လှစ်ခဲ့ပါသည်။အဆိုပါရုံးခန်း၌ပင် ဂျပန်နိုင်ငံ၏ယဉ်ကျေးမှု၊စီးပွားရေးနှင့် ဂျပန်ဘာသာစကားတို့ကိုအဓိကထားသင်ကြားပေးသည့် သင်တန်းကျောင်းကိုပါ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။

သင်တန်းသူ၊ သင်တန်းသားများ အားလုံးကို အဖွဲ့အစည်းတံဆိပ်ပါတီရှပ်များ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

5

(၂၀၁၇) ခုနှစ် (၁၀)လပိုင်း

Aioi Human Resources Exchange Association ၏ ဥက္ကဌဖြစ်သူ Mr.Inoue နှင့်

Aioi Nissay Dowa Insurance Co.,Ltd,Nagoya Branch မှ Mr.Takai တို့ CJMCEFA မြန်မာရုံးသို့ လာရောက်လာ်ပတ်ခဲ့ပြီး ၊  မြန်မာကျောင်းသားလူငယ်များနှင့် တွေ့ဆုံစကား ပြောခဲ့ကြပါတယ် ။

6

(၂၀၁၇) ခုနှစ် (၁၀)လပိုင်း

မြန်မာနိုင်ငံရှိ HIGH CASTLE Co.Ltd မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသော  DREAM ဂျပန်စာသင်တန်းကျောင်း သို့သွားရောက်လေ့လာခဲ့ခြင်း ။

 HIGH CASTLE Co.Ltd ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်လွင်သန်း နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၊ လက်ရှိဂျပန်ဘာသာစကားကိုလေ့လာလျက်ရှိသော မြန်မာကျောင်းသားကျောင်းသူများ၏အခြေအနေနှင့် စပ်လျင်း၍ မေးမြန်းမှုများပြုလုပ်ခဲ့ပါတယ် ။

7

(၂၀၁၇) ခုနှစ် (၁၀)လပိုင်း

ဂျပန်နိုင်ငံရှိ Create Pro Co.,Ltd. မှ ဥက္ကဌ Mr. Kamio ၊ မန်နေဂျာ Mr. Kito ၊ CREATEPRO THAILAND မှ Mr.Kano ၊ မြန်မာနိုင်ငံရှိ United Eleven Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်သူ တို့နှင့် လုပ်ငန်းပိုင်းဆိုင်ရာ အတွေးအမြင်ဖလှယ်ခြင်းများကို ပြုလုပ်ခဲ့ပါတယ်။

8

(၂၀၁၇) ခုနှစ် (၁၀)လပိုင်း

မြန်မာနိုင်ငံရှိ Desire Autoworks ကုမ္ပဏီ မှ Mr. Thiha Aung နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါတယ် ။

9

(၂၀၁၇) ခုနှစ် (၁၂)လပိုင်း

2017 ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသူ Ma Fuyuko Aung အားဂျပန်နိုင်ငံသို့ဖိတ်ခေါ်ပြီး ဂျပန်နိုင်ငံရှိ လုပ်ငန်းခွင်၌ လေ့လာသင်ယူမှုတွေ ပြုလုပ်စေခဲ့ပါတယ်။

10

(၂၀၁၈) ခုနှစ် (၂)လပိုင်း

မြန်မာနိုင်ငံ၏ နာမည်ကြီးတက္ကသိုလ်ထဲမှ တစ်ခုဖြစ်သော YUFL သို့သွားရောက်ပြီး ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် နှင့်အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

11

(၂၀၁၈) ခုနှစ် (၅)လပိုင်း

Trendy Group မှ ဥက္ကဌ U Than Ohn နှင့် အစည်းအဝေးပြုလုပ်ခြင်း။

Trendy Group မှာ မြန်မာနိုင်ငံအတွင်ရရှိ Forklift လုပ်ငန်းမှအစ အမျိူးမျိူးသော လုပ်ငန်းနယ်ပယ်တွေမှာ အောင်မြင်လျက်ရှိပြီး၊

ဂျပန်နိုင်ငံ Aichi ခရိုင် Nagoya မြို့တွင်းလည်း Trendy Nagoya Co.Ltd ကိုတည်ထောင်လုပ်ကိုင်လျက်ရှိပါတယ်။

ဥက္ကဌကြီး ဦးသန်းအုန်းမှာ ဂျပန်နိုင်ငံရှိ Nagoya University မှ Engineering ဘာသာရပ်ဖြင့် Phd degree ဘွဲ့ကိုရရှိထားသူဖြစ်ပါတယ်။

မိမိတို့အဖွဲ့အစည်း အနေဖြင့် မြန်မာ-ဂျပန်ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်သွားမည့်အကြောင်း အစရှိသည်တို့ကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

12

(၂၀၁၈) ခုနှစ် (၅)လပိုင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာကြည်ရွှင်၏ မိတ်ဆက်ပေးမှုဖြင့်  ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်းနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါတယ် ။ 

13

(၂၀၁၈) ခုနှစ် (၅)လပိုင်း Toyota Tsusho Corporation Former- Vice President Mr.Toyohara ၏မိတ်ဆက်ပေးမှုကြောင့် Toyota Tsusho Myanmar Branch President Mr.Ichihara နှင့်အတူ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရပါတယ်။

14

(၂၀၁၈) ခုနှစ် (၅)လပိုင်း

Mitsui Sumitomo Insurance Co.,Ltd. ရန်ကုန်ရုံးခွဲ၏ မန်နေဂျာ Mr.Ichikawa နှင့် တွေ့ဆုံဆွေးနွေးကာ အမျိူးမျိူးသော အတွေးအမြင်များကိုဖလှယ်ခဲ့ပါတယ်။

15

(၂၀၁၈) ခုနှစ် (၇)လပိုင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချူပ်  ဒေါက်တာကြည်ရွှင် နှင့် တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုနှစ် ဩဂုတ်လတွင်ကျင်းပမည့် Job Fair တွင် ပါဝင်ရန် ကတိပြုခဲ့ပါတယ်။







ပညာရေးဆိုင်ရာထောင်ပံ့ကူညီမှုလုပ်ငန်းစဉ်များ

1

(၂၀၂၀)ခုနှစ် (၁)လပိုင်း

မြန်မာနိုင်ငံရှိ အထင်ကရ အစိုးရတက္ကသိုလ်ကြီးများ အနက်မှ တစ်ခုဖြစ်သည့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ ယခင်နှစ် စတုတ္ထအကြိမ်မြောက် သွားရောက်တွေ့ဆုံ လည်ပတ်ခဲ့ရာမှ

ဂျပန်ဘာသာဌာန ဌာနမှုးဆရာ ဦးကျော်သူနှင့်တကွ ဆရာမထံအား ပထမဆုံးအကြိမ် သွားရောက် နှုတ်ဆက်ခဲ့ပါတယ် ။

ကျန်ုပ်တို့အဖွဲအစည်းအနေဖြင့် ဂျပန်ဘာသာသင်ကြားမှုတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးကို ရှေးရှု၍ အကူအညီပေးနိုင်သော အရာများရှိပါလျှင် ပြောပြပေးဖို့တောင်းဆိုခဲ့ပါတယ် ။

ထိုမှတဆင့် ဂျပန်ဘာသာဌာန BA အတန်း သင်ရိုးသစ်အတွက် လိုအပ်လျက်ရှိသောဖတ်စာအုပ် ၃၂ ကို ကူညီပံ့ပိုးခွင့်ရရှိခဲ့ပါတယ် ။




မြန်မာနိုင်ငံရှိကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲ

1

(၂၀၁၈) ခုနှစ် (၅)လပိုင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မှ ဘွဲ့ရကျောင်းသားကျောင်းသူများ၊လက်ရှိပညာသင်နေယူနေဆဲ ကျောင်းသားကျောင်းသူများနှင့် ပထမဆုံးအကြိမ် ညစာစားပွဲကိုပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

လာရောက်ပါဝင်ပေးခဲ့သော ကျောင်းသားကျောင်းသူများမှာ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ Level N2 နှင့်အထက်ရရှိထားသူများဖြစ်ပြီး ၊ ဂျပန်လိုကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်မှုအပေါ် လွန်စွာ ချီးကျူးဂုဏ်ယူမိပါတယ် ။

2

(၂၀၁၈) ခုနှစ် (၇)လပိုင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားကျောင်းသူများ၊လက်ရှိပညာသင်ယူဆဲကျောင်းသားကျောင်းသူများနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲကို ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

ပထမအကြိမ်တွင် ပါဝင်ဆင်နွှဲခဲ့သည့် ကျောင်းသားကျောင်းသူများအပြင် ကျောင်းသားကျောင်းသူအသစ်များလဲ ထပ်မံပါဝင်လာပြီး

အားလုံးအတူတကွ  Bingo Game ကစားခြင်း ၊  လက်ဆောင်ပေးအပ်ခြင်း​တို့ကိုပြုလုပ်ခဲ့ပါတယ် ။

ကျောင်းသားကျောင်းသူများ၏ ဂျပန်နိုင်ငံနှင့် ယဉ်ကျေးမှု အပေါ်စိတ်ဝင်စားမှုမြင့်မားခြင်းကိုလည်း တွေ့ရှိခဲ့ရပါတယ်။







အထူးအကြံပေးပုဂ္ဂိုလ်များ

1

(၂၀၁၈) ခုနှစ် (၅)လပိုင်း

Central Japan Myanmar Culture and Economic Friendship Association ၏ Honorary Advisor အဖြစ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်မှ လက်မှတ်ရေးထိုး‌ပေးခဲ့ပါတယ် ။

ဓာတ်ပုံ – ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် နှင့်
Central Japan Myanmar Culture and Economic
Friendship Association ၏ ဥက္ကဌ Fujihara Koichi

2

မြန်မာနိုင်ငံရှိ အထင်ကရ အစိုးရတက္ကသိုလ်ကြီးများ အနက်မှ တစ်ခုဖြစ်သည့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်

3

(၂၀၁၈) ခုနှစ် (၇)လပိုင်း

ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချူပ် ဒေါက်တာမြင့်သိန်းမှ CJMCEFA ၏ Honorary Advisor အဖြစ်လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ဓာတ်ပုံ – ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်း နှင့်

Central Japan Myanmar Culture and Economic

Friendship Association ၏ ဥက္ကဌ Fujihara Koichi

4

မြန်မာနိုင်ငံရှိ အထင်ကရ အစိုးရနည်းပညာတက္ကသိုလ်ကြီးများ အနက်မှ တစ်ခုဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ်

5

(၂၀၂၀) ခုနှစ် (၁)လပိုင်း

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချူပ် Prof.ဒေါက်တာကြည်စိုးမှ CJMCEFA ၏ Honorary Advisor အဖြစ်လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ဓာတ်ပုံ – ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် Prof. ဒေါက်တာ ကြည်စိုး နှင့်

Central Japan Myanmar Culture and Economic

Friendship Association ၏ ဥက္ကဌ Fujihara Koichi

6

မြန်မာနိုင်ငံရှိ အထင်ကရ အစိုးရနည်းပညာတက္ကသိုလ်ကြီးများ အနက်မှ တစ်ခုဖြစ်သည့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်







Job Seminar များတွင်ပါဝင်ဆောင်ရွက်ခြင်း

1

(၂၀၁၈)ခုနှစ် (၇)လပိုင်း

ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်သော Job Fair တွင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

မျှော်လင့်ထားသည်ထက် ပိုမိုစိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ၊  ပါဝင်လုပ်ဆောင်ပေးသူများ၏ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

2

(၂၀၁၈)ခုနှစ် (၈)လပိုင်း

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်

ကျင်းပပြုလုပ်သော Job Fair တွင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ကျောင်းသားကျောင်းသူများက မိမိတို့အနာဂတ်အတွက် ခြေလှမ်းသစ်တစ်ခုဖြစ်တဲ့ အလုပ်အကိုင်ရှာဖွေခြင်းကို အားတက်သရော လုပ်ကိုင်ကြသည်ကို မြင်တွေ့ခဲ့ရပါတယ် ။

ကျောင်းသားတစ်ဦးချင်းစီ အင်တာဗျူး ပြုလုပ်ခဲ့ရာမှ ဂျပန်နိုင်ငံအပေါ်  စိတ်ဝင်စားမှုမြင့်မားလျက်ရှိနေခြင်းကို

ပိုမိုသေချာစွာ သိရှိခဲ့ရပါတယ် ။