ကျွန်တော်တို့သည် မြန်မာနိုင်ငံရှိ ပြည်တွင်းကုမ္ပဏီနှင့်ကျောင်း များသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ် ။ ထိုမှတစ်ဆင့် မြန်မာလူမျိုးတို့၏ ဂျပန်နိုင်ငံ၊ လူမျိုးနှင့် ယဉ်ကျေးမှုအပေါ် များစွာစိတ်ဝင်စားမှု ရှိနေခြင်းကို သိရှိလာရပါတယ် ။
မြန်မာနိုင်ငံတွင် ဂျပန်ဘာသာစကားကို မိမိတို့၏ ဝါဿနာအရ လေ့လာနေသူ အများအပြား ရှိနေပါတယ် ။
မြန်မာနိုင်ငံ၏များစွာသော စွန့်ဦးတီထွင်သူများ ၊ လူငယ်လူရွယ်များအနေဖြင့် ဂျပန်နိုင်ငံနှင့် နှီးနှောဖလှယ်လိုမှု ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလိုလားလျက်ရှိသော်လည်း ၊ လှုပ်ရှားလုပ်ဆောင်နိုင်မှု အပိုင်းအခြား အကန့်အသတ်ရှိနေခြင်းမှာ လက်တွေ့ တွေ့မြင်နိုင်မှာဖြစ်ပါတယ် ။
ကျွန်တော်တို့ အဖွဲ့အစည်း၏ အကြံပေးပုဂ္ဂိုယ်တစ်ဦးဖြစ်သူ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာကြည်ရွှင် နှင့်တွေ့ဆုံကာ ဂျပန်လုပ်ငန်းများနှင့် ကျောင်းသားကျောင်းသူတို့၏ တွေ့ဆုံနှီးနှောဖလှယ်နိုင်မည့် အခွင့်အရေးများကိုတိုးမြှင့်ရေး၊ Job Seminar ပြုလုပ်ခြင်း ၊ အလုပ်သင်အစီအစဉ် အခွင့်အလှမ်းများကို စီစဉ်ပေးခြင်း တို့ကိုလုပ်ဆောင်ရန် ဆွေးနွေးတိုင်ပင်နိုင်ခဲ့သည့်အတွက် ၊ ကျွန်တော်တို့ အဖွဲ့အစည်း၏ နောင်အနာဂတ် ရည်မှန်းချက် များစွာရရှိခဲ့ရပါတယ် ။
ကျွန်တော်တို့အဖွဲ့အနေဖြင့် ယခုအချိန်မှ စတင်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မြဲလာစေရန် ၊ ဖက်ပေါင်းဆုံမှ ပေါင်းကူးတံတားသဖွယ် ဖြစ်လာစေရန် ၊ ကြိုးစားလုပ်ဆောင်လျက်ရှိပါသည် ။
သေးငယ်သောအရာလေးတွေမှ တဆင့် ကြိုးမျှင်လေးများအသွင် ၊ ထိုမှ တဆင့် ကြီးမားသောမျက်နှာပြင်ကြီးဖြစ်လာသည်အထိ အမျိုးမျိုးသောလုပ်ငန်းဆောင်တာများကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ။
ကျေးဇူးပြု၍ မြန်မာနိုင်ငံနှင့်ပတ်သတ်ပြီး စိတ်ဝင်စားပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။
Central Japan Myanmar Culture and Economic Friendship Association ဥက္ကဌ
Koichi Fujihara